The First Step in the UK

8/31/2025• Kyaw Nyein ThuTips
The First Step in the UK

UK 🇬🇧ကိုရောက်တဲ့အချိန်မှာ စိတ်လှုပ်ရှားမှုအပြင် အမှန်တကယ် ကြုံတွေ့ရတာတွေကလည်း သေချာသိထားဖို့လိုပါတယ်။ ကိုယ့်ပုံမှန်နေထိုင်မှုအသစ်ကိုစတင်မယ်ဆိုရင် လေဆိပ်ရောက်ချိန်ကနေ စတင်ပြီးတော်တော်အရေးကြီးပါတယ်။✈️💁🏻‍♀️


ဒီမှာတော့ ရောက်ရင် လုပ်ရမယ့်အရေးကြီးဆုံး ၄ ချက်ကို တစ်ချက်ချင်းနဲ့ဖော်ပြလိုက်ပါတယ်—✨


1️⃣ Immigration & Passport Control 🛂
လေဆိပ်ရောက်ပြီးနောက်ဆုံးရောက်တဲ့ Immigration Counter ကိုဖြတ်ဖို့ စောင့်ရတာကြာတတ်ပါတယ်။ Officer တွေက မေးခွန်းတွေအချို့မေးလာနိုင်လို့ — သက်သေစာရွက်စာတမ်းတွေ၊ Visa letter, BRP Collection letter စတာတွေ သေချာဖြစ်အောင် ပြင်ထားသင့်ပါတယ်။ တစ်ခါတလေမှာ စိတ်ဖိစီးမှုလည်းရှိတတ်ပါတယ်။


2️⃣ Luggage Collection 🧳
Immigration ဖြတ်ပြီးတာနဲ့ ထပ်ပြီး Terminal ထဲမှာ ကိုယ့်အိတ်တွေကို ယူဖို့ စောင့်ရတတ်တယ်။ အချို့အချိန်မှာ အိတ်နောက်ကျပြီး မထွက်သေးတာမျိုးဖြစ်တတ်လို့ စောင့်ရတာ အကြာကြီးကြာတတ်ပါတယ်။ ကိုယ့်အိတ်မပျောက်ဖို့ ထုတ်ယူချင်တဲ့အိတ်ကို tag နဲ့ကြည့်ပြီး သေချာစစ်ဖို့လိုပါတယ်။


3️⃣ Energy (Jet Lag)⚡️
ခရီးသွားတဲ့အချိန်အတော်ကြာတာနဲ့အတူ အချိန် zonal ကွာခြားမှုကြောင့် ကိုယ့်ခန္ဓာကိုယ်က အင်အားကုန်လွယ်တယ်။ ရောက်ပြီးရင်လဲ Jet Lag ကြောင့် မောနေတာ၊ စိတ်မသန်တာမျိုးတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် ညဉ့်ရောက်လာရင်တော့ ခံစားချက်တွေက ပိုပြီးဖိစီးစေတတ်ပါတယ်။ သက်သာအောင် သာမာန်အိပ်ရေးပုံစံကို ပြန်စချပေးဖို့လိုပါတယ်။


4️⃣ Transport to Destination 🚗
လေဆိပ်ကနေ မိမိနေရမယ့်နေရာ (Student Accommodation, Hotel, Home စတဲ့နေရာ) ကိုသွားဖို့ Transport ရှာဖို့ အချိန်ယူရတတ်ပါတယ်။ Train, Coach, Underground, Taxi စတာတွေထဲကရွေးဖို့လိုပြီး တခါတရံမှာ စံချိန်မမှန်၊ Train ပျက်တာမျိုးတွေကြောင့် စီစဉ်ထားတာက မဖြစ်နိုင်တဲ့အခါလည်းရှိတတ်ပါတယ်။ Google Maps သုံးပြီးကြိုတင်စီစဉ်ထားတာကောင်းပါတယ်။


✈️ တစ်ခြားသူတွေရော ဘာတွေကြုံခဲ့လဲ? အကြောင်းပြန်မျှဝေပေးခဲ့ပါဦးနော်🙆🏼‍♀️


☎️ Phone (Viber) : +959 791064890, +44 07774419996
📩 Email : unixplore.uk@gmail.com